Categories: Blog

Video Marketing ဆိုတာဘာလဲ?

Video Marketing ဟာ သင့်ရဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုတွေကိုဈေးကွက်အ တွင်းရောက်ရှိ အောင်ပြုလုပ်တဲ့ထိရောက်တဲ့Marketingနည်းလမ်းတွေထဲကတစ်ခုအပါအဝင်ဖြစ်လာပါပြီ။ ၂၀၁၇ ခုနှစ်ဟာ Video Marketing အတွက် အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။၂၀၁၈ ခုနှစ်ဟာ ၂၀၁၇ ခုနှစ်ထက်တောင် မှာ Video Marketing က ပိုမို ခေတ်စားလာခဲ့ပါတယ်။ Brand အတော်တော်များများဟာ မိမိတို့ Product တွေကို Video Marketingပြုလုပ်ပြီး Customer တွေဆီက Engagement ကိုသိမ်းပိုက် င်ခဲ့ ကျပါတယ်။ Video content တွေဟာသုံးစွဲသူ Customer တွေရဲ့အာရုံစိုက်စိတ်ဝင်စားခံရမှုကိုအခြား Text နဲ့ Image တွေအပေါ်အာရုံစိုက်မှုထက်ကြာရှည်စွာဖမ်းယူဆုပ်ကိုင်နိုင်ပါတယ်။ ဒါ့အပြင်သူ့ရဲ့ အား သာချက်ကတော့ Video တစ်ခုထဲမှာပင်မိမိဖော်ပြလိုတဲ့အကြောင်းအရာတွေကိုအရောင်အသွေးစုံလင်စွာ Visual အမြင်ကောင်းကောင်းဖြင့်ဖော်ပြနိုင်တာပဲဖြစ်ပါတယ်။ သင့်ရဲ့Business အတွက် Content Marketing Strategy ထဲမှာ Video Content မပါသေးရင်တော့လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ အထူးသဖြင့် Video marketingကိုလူအသုံးများဆုံး YouTube မှာတွေ့မြင်ရပေမဲ့ မြန်မာနိုင်ငံမှာ လဲFacebook နဲ့ Instagram စတာတွေမှာစီးပွားရေးလုပ်ငန်းတွေအပြိုင်အဆိုင်ခေတ်ရဲ့ Trend နဲ့အညီအမှီလိုက်ပြီးကြော်ညာနေကျပါပြီ။

Video Content တစ်ခုမှာသင့်ရဲ့Brand ကိုရောင်းချတဲ့ပုံစံမျိုးမဟုတ်ပဲသင့် Brand နဲ့ပက်သက်တဲ့ အချက်တွေကောင်းကျိုးတွေ စတာတွေကို Educate & Entertain ဖြစ်အောင်ဖော်ပြပေးဖို့လိုပါတယ်။
သင့် Brand ဒါမှမဟုတ် Service နဲ့ပက်သက်တဲ့ Video ကို Audience တွေကြည့်ရှုပြီးသင့်ရဲ့ လုပ်ငန်း အပေါ်အာရုံစိုက်လာဖို့အတွက်အဓိကအာရုံစိုက်ရပါမယ်။သင့်ရဲ့ Audience တွေအတွက်သင့်ရဲ့ Brand ဒါမှမဟုတ် Service ဟာစစ်မှန်ပြီးယုံကြည်စိတ်ချနိုင်တဲ့အကြောင်းဖော်ပြပေးဖို့လိုပါတယ်။Audience တွေသင့်ရဲ့Businessနဲ့ပက်သက်တဲ့အကြောင်းအရာတွေကိုပိုမိုနားလည်သဘောပေါက်လာစေဖို့အတွက်Video highlight တွေနဲ့ရှင်းလင်းဖော်ပြပေးလို့ရပါတယ်။

ယခုဆိုလျင် Video content တွေဟာ Social Media Marketing မှာအရေးပါလာပြီး ဘာကြောင့် လူတွေဟာVideo content တွေကိုပိုမိုနှစ်သက်ရလဲဆိုတာတဲ့အားသာချက်တွေလဲရှိပါတယ်။Facebook မှာဆိုရင် Video Content တွေဟာအခြား Content တွေထက် Audience တွေရဲ့ Engagement ကိုပိုမိုရရှိတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။Twitter မှာဆိုရင်လဲ Video ဟာ သာမာန် Post တွေတင်တာထက် ကိုးဆ ပိုမိုပြီး Engagement ကိုပိုမိုရရှိစေပါတယ်။Instagram မှာဆိုရင်လဲ Video contentတွေဟာသာမာန် Post ထက် Likes, Comments နဲ့ Engagement တွေပိုမိုရရှိပါတယ်။Pinterest မှာတော့ Video content ဖြင့်ကြော်ညာထားတဲ့ Brand ကိုကြည့်ရှုတဲ့သူတွေဟာ သာမာန်ကြော်ညာထားတဲ့ Post တွေထက် နှစ်ဆပိုပြီး အဆိုပါ Video Content ကိုကြည့်ရှုပြီးတာနဲ့တခါထဲ Purchase လုပ်တယ်လို့ဆိုပါတယ်။LinkedIn user တွေကတော့ သူ့ရဲ့ Platformမှာရှိတဲ့အခြား Postတွေထက် အဆ ၂၀ တောင် Video content ကိုပိုမို Sharing လုပ်ကျတယ်ဆိုပါတယ်။

Brand တစ်ခုရဲ့ Video Content ကိုကြည့်ရှုရခြင်းကို သာမာန် Content ကိုဖတ်ရခြင်း ထက်ပိုပြီး စိတ်ဝင်စားကျပါတယ်။ 71% သောဝယ်သူတွေဟာ Video Content ကိုကြည့်ရှုပြီးတာနဲ့ အဆိုပါ Brand ကိုတစ်ခါထဲဝယ်ယူကျတလို့ဆိုပါတယ်။ Email ကို Video ဖြင့်ပေးပို့ခြင်းဟာ တစ်ခြားသာမာန်ပေး ပို့တာထက်အဆပေါင်းများစွာ Click လုပ်ခြင်းကိုခံရတဲ့အပြင် SEO အတွက်လဲ Video content ဟာ အဆပေါင်း ငါးဆယ်အထိ သာမာန်ထက်Page Rank ကိုတက်စေပါတယ်။ 87% သောMarketer တွေအနေနဲ့လဲ Positive ROI ကို Digital Video တွေကနေတစ်ဆင့်ရရှိစေပါတယ်။

 

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago