Snapchat ဟာရေပန်းစားနေတဲ့ Moment တွေကို Capturing နဲ့ Sharing လုပ်နိုင်တဲ့ Social Media Platform တစ်ခုဖြစ်ပါတယ်။ B2B, B2C Company တွေဟာလည်း ဒီ Snapchat နဲ့ Business ပိုင်းကိုတွဲလုပ်လာကြပါတယ်။ ဘာလို့ Snapchat ကို Business တွေအတွက်ပါ အသုံးပြုလာကြလဲဆိုတဲ့ အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်…
- Snapchat ဟာနေ့စဥ်အသုံးပြုသူ 332 Million ရှိနေပါပြီ။ B2B, B2C Audience တွေကို ဒီ User Range အတွင်းမှာ ကိုက်ညီတဲ့ Content ဖန်တီးပြီး ရှာဖွေနိုင်ပါတယ်။
- Social Media ကြောင့် လူငယ် Audience တွေကြားမှာ Brands Accessible ဖြစ်လာပါတယ်။ Snapchat အသုံးပြုသူအရေအတွက် တဝက်လောက်ဟာ အသက် ၁၅ မှ ၂၅ အရွယ်တွေ ဖြစ်ပါတယ်။ လူငယ်တွေကို Target ထားတဲ့ Business တွေဟာ ဒီ Snapchat ကိုပါထည့်သွင်း အသုံးပြုလာကြပါတယ်။
- Snapchat မှာ Localization Option တွေပါဝင်ပါတယ်။ Local Customer တွေကို Target ထားတဲ့ Business တွေဆိုရင်လဲ အသုံးပြုသင့်ပါတယ်။ Snapchat မှာ Geofilter ပါဝင်တဲ့အတွက် Area အတွင်းက User တွေကို Target လို့ရပါတယ်။
- Snapchat မှာ Competition အရမ်းမများသေးပါဘူး။ Brand တော်တော်များများက Snapchat ပေါ်မှာ မရှိသေးတဲ့အတွက် လူကြီးမင်းတို့ရဲ့ Business ကို Snapchat ပေါ်မှာလုပ်ခဲ့မယ်ဆိုရင် အောင်မြင်လာနိုင်ဖို့ အခွင့်အလမ်း ရှိပါသေးတယ်။
- Visual နဲ့စမ်းသပ်လို့ရတဲ့ Brand တွေဟာသူ သူတို့ရဲ့ Product တွေကို Snapchat Filter အနေနဲ့ ထည့်သွင်းပြီး Audience ကိုထပ်မံ ရှာဖွေလို့ရပါတယ်။
ဒီလိုအချက်တွေ ရှိလာတဲ့အတွက်ကြောင့် Snapchat ပေါ်မှာ ကိုက်ညီနိုင်လောက်တဲ့ Business တွေက Snapchat ကိုအသုံးပြုလာကြပါတယ်။