Windows 10 ကိုလည်း အသုံးပြုနေတယ်၊ သီချင်းနားထောင်ရတာကိုလည်း နှစ်သက်တယ်ဆိုတဲ့ Windows 10 User တွေအတွက် 2019 မှာ Windows 10 အတွက် ရွေးချယ်စရာ Free Music Player App အချို့ကို ဖော်ပြပေး သွားမှာဖြစ်ပါတယ်…
1.Dopamine
ဒီ Music Player App လေးကတော့ သင့် Windows ပေါ်က သီချင်းတွေကို ပိုမိုကောင်းမွန်တဲ့ Quality မျိုးတွေနဲ့ ခံစားနားဆင်နိုင်ဖို့ အတွက် Equalizer, Multiple Themes အစရှိတဲ့ Music Management Tools တွေပါဝင်ပါတယ်။ Dopamine Music Player က AAC, M4A, OGG, FLAC နဲ့ Audio File Format တော်တော်များများကို Support လုပ်ပေးနိုင်ပါတယ်။ Dopamine ရဲ့ Theme ဟာဆိုရင်လည်း အနက်ရောင်ကို ဦးစားပေးထားတာ ဖြစ်တဲ့ အတွက် Smart ကျတယ်လို့လည်း မြင်မိပါတယ်။ Windows 10 User တွေအတွက် ဒီ Dopamine Music Player က ရွေးချယ်စရာ Music Player App စာရင်းထဲက တစ်ခုဆိုရင်လည်းမမှားပါဘူး။
2.AIMP
ဒီ AIMP Music Player App ဟာဆိုရင်လည်း Windows 10 User တွေ အတွက်ရွေးချယ်စရာ Music Player ထဲမှာပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီ AIMP မှာ User တွေအကြိုက်တွေ့စေမဲ့ Customization Option အများအပြားပါဝင်ပြီး 18-Band Equalizer နဲ့ Sound Mixing လည်းပါဝင်ပါတယ်။ CDA, AAC, AC3, DTS နဲ့ အခြားသော Audio File Format အများအပြားကိုလည်း Support လုပ်ပေးနိုင်သေးတာ ဖြစ်တဲ့ အတွက် AIMP ဟာရွေးချယ်စရာ Music Player App တစ်ခုစာရင်း ဝင်ခဲ့ပါတယ်။
MediaMonkey ဆိုတဲ့ Music Player App ဟာဆိုရင်လည်း အမိုက်စား UI Design နဲ့ ရွေးချယ်စရာ Music Player App နောက်တစ်ခုပဲဖြစ်ပါတယ်။ MediaMonkey ရဲ့ လူကြိုက်များစေတဲ့ အချက်တစ်ချက်ကတော့ Series, Albums, Artist တွေကို မိမိကြိုက်နှစ်သက်သလိုစီစဉ်နိုင်တဲ့ Automatic Organization Algorithm ကြောင့်လို သိရှိရပါတယ်။ AAC, OGG, WMA, FLAC နဲ့ အခြားသော Audio File Format အများအပြားကိုလည်း Support လုပ်ပေးနိုင်သေးတာ ဖြစ်တဲ့ အတွက် MediaMonkey ဟာရွေးချယ်စရာ Music Player App တစ်ခုစာရင်းဝင်ခဲ့ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဒီ MediaMonkey မှာလုပ်ဆောင်နိုင် သေးတာကတော့ Image File တွေကိုအလည်း မိမိနှစ်သက်ရာနေရာမှာ အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။
ယခုဖော်ပြပေးခဲ့တဲ့ Music Player တွေကတော့ 2019 မှာ Windows 10 User တွေရွေးချယ်နိုင်မဲ့ Music Player App တွေဖြစ်သလို အခြားသော Music Player App တွေလည်း ရှိသေးတဲ့အတွက် မိမိနှစ်သက်ရာ Music Player App ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။
Ref – techviral
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …