Categories: Blog

MP3 File တွေ Facebook ပေါ်မှာဘယ်လိုတင်မလဲ?

 

လူသုံးအများဆုံး Social Media Networking Site တစ်ခုဖြစ်တဲ့ Facebook က Daily User သန်းပေါင်းများစွာနဲ့ အောင်မြင်မှုရရှိထားဆဲပါ။ Facebook ပေါ်မှာ User တွေလုပ်နိုင်တဲ့ Feature တွေကတော့ Profile, Cover Image တွေဖန်တီးနိုင်မယ်၊ သူငယ်ချင်းတွေ Add နိုင်မယ်၊ Link တွေ Share နိုင်မယ်၊ Status, Photo နဲ့ Video တွေ Upload လုပ်နိုင်မယ်။ Communication ပိုင်းမှာဆိုရင် Private Message, Group Message နဲ့ Group တွေကို Join နိုင်ပါတယ်။ ဒါပေမဲ့ Facebook မှာ MP3 Share လို့ရတဲ့ Feature ကို Android OS မှာရနိုင်ပေမယ့် iOS မှာတော့ မပါသေးပါဘူး။ ဒီအချက်က နည်းနည်းတော့ စဉ်းစားစရာကောင်းပါတယ်။ ဒါကြောင့် Facebook ပေါ်ကို MP3 Share နိုင်မယ့် နည်းလမ်းကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်…

 

Chirbit ဆိုတဲ့ Web Application နဲ့ Facebook ပေါ်မှာ Share နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးပါမယ်…

 

အဆင့် (၁) အနေနဲ့ Chirbit ဆိုတဲ့ Web Application ထဲကိုသွားပြီး Account ဖွင့်ဖို့လိုအပ်ပါတယ်။ Account ဖွင့်တဲ့နေရာမှာလည်း ခက်ခက်ခဲခဲ မဟုတ်ပဲ Email တစ်ခု ရှိရုံနဲ့ ရပါတယ်

 

အဆင့် (၂) Account ဖွင့်ပြီးသွားရင်တော့ ကိုယ့်ရဲ့ အကောင့်မှာပါတဲ့ Upload ဆိုတဲ့ Button လေးကိုနှိပ်ပါ

 

အဆင့် (၃) Upload နှိပ်ပြီးသွားရင်တော့ Choose File ကိုရွေးပြီး ကိုယ်ကြိုက်တဲ့ MP3 File တစ်ခုကို Submit လုပ်ပါ

အဆင့် (၄) Upload လုပ်ပြီးတဲ့ MP3 File တွေကို သွားယူချင်ရင် My Account> Profile မှာသွားယူလို့ရပါတယ်

အဆင့် (၅) နောက်ဆုံးအဆင့်မှာတော့ Share Button ကိုနှိပ်ပြီး Facebook ကိုရွေးပြီး Share လို့ရပါတယ်။ Facebook အပြင် Twitter မှာလည်း Share နိုင်ပါတယ်။

ဖော်ပြခဲ့တဲ့ နည်းလမ်းကတော့ Chirbit ဆိုတဲ့ Web Application နဲ့ MP3 File တွေကို Facebook ပေါ်မှာ Share တဲ့နည်းလမ်းဖြစ်ပါတယ်။ iOS သုံးတဲ့ User တွေအနေနဲ့ ဒီနည်းလမ်းကို သုံးပြီး MP3 File တွေ Facebook ပေါ်မှာ Share နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခြားနည်းလမ်းတွေ ရှိသေးပေမဲ့ ဒီနည်းလမ်းလေးက အရမ်းမခက်ခဲတဲ့ နည်းလမ်းဖြစ်လို့ ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

 

 

Ref – vgrabber

 

 

 

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago