Categories: Blog

Outbound Marketing vs Inbound Marketing

Outbound Marketing နဲ့ Inbound Marketing ဆိုတာ Marketing နယ်ပယ်မှာပါဝင်တဲ့ ဈေးကွက်ချဲ့ထွင်ရာမှာ အသုံးပြုတဲ့ ဗျုဟာတွေလို့ ပြောနိုင်ပါတယ်။ Outbound Marketing ကတော့ Business ဘက်ကနေ Audience ကိုဆွဲဆောင်တဲ့ နည်းဗျူဟာမျိုး ဖြစ်ပြီး၊ Inbound Marketing ကတော့ Audience နဲ့အရင်ဆုံး ရင်းနီးအောင်လုပ်ပြီးမှ Business ဖက်ကိုသွားတဲ့ နည်းဗျူဟာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် Outbound နဲ့ Inbound Marketing တို့အကြောင်းကို ဝေမျှပေးသွားပါမယ်…

Outbound Marketing
Outbound Marketing က Traditional Marketing Methods ရဲ့ အမည်နာမတစ်မျိုးလို့ ပြောလို့ရပြီး နောက်ပိုင်းမှာ ပေါ်လာတဲ့ Inbound Marketing နဲ့ ဆန့်ကျင်ဘက် နည်းဗျူဟာ လည်းဖြစ်ပါတယ်။ Outbound Marketing မှာပါဝင်တဲ့ Advertising နည်းတွေကတော့ Radio Advertising, Print Advertising, Telemarketing, Direct Mail နဲ့ Outdoor Advertising တွေပါဝင်ပါတယ်။ Advertising ရဲ့ အခြေခံသဘောတရားတွေကတော့ Product တွေ၊ Product Message တွေကို Audience ဆီရောက်အောင် Media Tool တွေကို အသုံးပြုပြီး ကြော်ငြာ ကြတာပဲ ဖြစ်ပါတယ်။ ဒီ Marketing နည်းလမ်းတွေက ထိရောက်တဲ့ နည်းလမ်းတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာဆိုရင် ဒီလို Ads တွေက ပုံစံတူတွေ အများအပြားရှိနေခဲ့ပြီး ကြော်ငြာအပေါ် လူတွေထားရှိတဲ့ စိတ်ဝင်စားမှုက လျော့နည်းလာပါတယ်။ ဒီ Outbound Marketing ကိုတော့ ခေတ်မီတိုးတက်နေတဲ့ နေရာဒေသတွေ မှာအသုံးပြုမယ်ဆိုရင် အကျိုးသက်ရောက်ဖို့ အခွင့်အရေး နည်းနေတာကိုတွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်သေးတဲ့ နေရာဒေသတွေမှာ ဆိုရင်တော့ ဒီ Outbound Marketing နည်းလမ်းတွေက အကျိုးသက်ရောက်မှု ကောင်းကောင်း ရရှိစေပါတယ်။

Inbound Marketing
Inbound Marketing ဆိုတာကတော့ ကိုယ်ရဲ့ Business ကိုတိုက်ရိုက် မကြော်ငြာပဲ Audience ကိုအရင်ဆုံး ရင်းနှီးမှုရှိအောင် ဆွဲခေါ်လာပြီး အလားအလာရှိတဲ့ ဆွဲဆောင်မှုနဲ့ ကြော်ငြာခြင်း သဘောဖြစ်ပါတယ်။ Inbound Marketing ရဲ့လုပ်ဆောင်ချက်တွေကတော့ Visitor တွေကိုဆွဲဆောင်လာနိုင်ဖို့၊ Brand ချဲ့ထင်ဖို့ အတွက် Valuable Content တွေဖန်တီးပြီး လုပ်ဆောင်တဲ့ နည်းဗျူဟာမျိုးပဲ ဖြစ်ပါတယ်။ Valuable Content တွေက Inbound Marketing အတွက်အဓိကကျတဲ့ အချက်ဖြစ်ပြီး Audience ကို ဆွဲဆောင်ဖို့ဆိုရင် Modern Technology တွေဖြစ်တဲ့ Internet, Mobile Phone နဲ့ Social Media တွေပေါ်မှာ မှီခိုပါတယ်။ Inbound Marketing ကိုတစ်နည်းအားဖြင့် Internet Marketing လို့ခေါ်နိုင်ပါတယ်။ Inbound Marketing အတွက် မေးစရာမေးခွန်းတွေ ရှိတတ်ပါတယ်။ Audience တွေလိုတဲ့ Product/Service တွေကို Audience Information မရှိပဲ ဘယ်လိုရောင်းမှာလဲ? ဒီအချက်ကတော့ ရှင်းပါတယ်. အခုလို Internet ခေတ်မှာ ကိုယ်လိုအပ်တဲ့ Product/Service တွေကို အပြင်ထွက် အချိန်ကုန်ခံပြီး လိုက်ရှာနေမယ့် လူတွေရှာသွားပါပြီ။ Search Engine Marketing, Social Media Marketing နည်းဗျူဟာတွေနဲ့ သင့်ရဲ့ Product/Service Information တွေကို Valuable Content တွေနဲ့ ဖန်တီးထားမယ်ဆိုရင် Audience တွေဟာ ကိုယ်လိုချင်တဲ့ Product ပဲဖြစ်ဖြစ် Service ပဲဖြစ်ဖြစ် ရှာဖွေရတာ အလွန်လွယ်ကူစေပါတယ်။ Inbound Marketing မှာပါဝင်တဲ့ Marketing နည်းပညာတွေကတော့ SEO, SEM, Social Media Marketing အစရှိတဲ့ Internet Marketing တွေပါဝင်ပါတယ်။ နည်းပညာခေတ်မီတိုးတက်နေတဲ့ နေရာတွေမှာဆိုရင် Inbound Marketing ကအလွန်ကို အသုံးဝင်တဲ့ Marketing နည်းဗျူဟာ တစ်မျိုးပဲဖြစ်ပါတယ်။

Outbound Marketing နဲ့ Inbound Marketing ရဲ့ ကွာခြားချက်တွေကတော့…

Outbound Marketing

-Communication က One Way အနေနဲ့သာသွားခြင်း
-Print, TV, Radio, Banner Advertising, Cold Call တွေမှ Customer ရောက်ရှိလာခြင်း
-Outbound Marketing မှာ Marketer တွေက Value-Added ပေးလေ့မရှိခြင်း (Value-Added ဆိုတာက
Customer တွေဘက်ကို ထပ်ဆောင်း ဝန်ဆောင်ဆောင်မှု ပေးခြင်း ကိုဆိုလိုသည်)
-Marketer တွေက Entertainment နဲ့ Education ပိုင်းတွေပေးခဲခြင်း

Inbound Marketing

-Communication က အပြန်အလန် သွားလာမှုနဲ့ Two Way သွားခြင်း
-Customer တွေက Search Engine, Referrals, Social Media တွေကရှာဖွေရောက်ရှိလာခြင်း
-Inbound Marketing မှာတော့ Value-Added တွေပေးတဲ့အတွက် Customer ကိုပိုပြီး စိတ်ကျေနပ်မှုပေးနိုင်ခြင်း
-Marketer တွေက Entertainment နဲ့ Education ပိုင်းပါဝေမျှပေးနိုင်ခြင်း

ယခု ဖော်ပြပေးခဲ့တဲ့တာကတော့ Marketing နယ်ပယ်မှာ အရေးပါတဲ့ Outbound Marketing နဲ့ Inbound Marketing တို့ရဲ့ လုပ်ဆောင်တဲ့ သဘောတရားတွေနဲ့ ကွာခြားချက်တွေပဲ ဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့ Business တွေကို ဈေးကွက်ချဲ့ထွင်မယ်ဆိုရင် Business နဲ့ ပတ်သတ်တဲ့ နေရာဒေသ၊ အခြေအနေေ ပါ်မူတည်ပြီး သင့်တော်မယ် Marketing နည်းဗျူဟာကို ရွေးချယ်နိုင်မယ်လို့မျှော်လင့်ပါတယ်။

Ref – seopressor

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago