Categories: Blog

အသုံးပြုသင့်လာတဲ့ Social Media Marketing

ခေတ်ရေစီးကြောင်း အလိုက် Business တစ်ခု Run ချင်တယ်ဆိုရင် ကိုယ့်ရဲ့ Marketing Strategy ကလဲ ခေတ်နဲ့ညီနေဖို့ လိုပါတယ်။ Digital Marketing က အခုခေတ်မှာ ရေပန်းစားလာတဲ့ Marketing တစ်မျိုးဖြစ်ပြီး Digital Marketing နယ်ပယ်ထဲမှာ ပါဝင်တဲ့ Social Media Marketing ကတော့ လက်ရှိမြန်မာနိုင်ငံ မှာခေတ်စားနေတဲ့ Marketing တစ်မျိုးဖြစ်နေပါတယ်။ လူကြီးမင်းတို့ Business တွေကို Social Media Marketing နဲ့ အသုံးပြုသင့် မပြုသင့်က Social Media Marketing အကြောင်းကို သိထားသင့်ပါတယ်။

Social Media ဆိုတာသင့်ရဲ့ Brand ကို Customer တွေနဲ့ရိုးရှင်းစွာဆက်သွယ်ပေးတဲ့ Marketing Channel ဖြစ်ပြီး လက်ရှိ Marketing နည်းလမ်းတွေထဲမှာတော့ ရိုးရိုးရှင်းရှင်းနဲ့ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Social Media ကနေတစ်ဆင့် Customer တွေကိုသင့်ရဲ့ Product ဒါမှမဟုတ် Service ရဲ့ Information တွေကိုဖော်ပြနိုင်ခြင်း၊ Customer တွေရဲ့တုံ့ပြန်ချက်တွေအကြံပေး ချက်တွေကိုနားထောင်နိုင်ပြီး ထိုမှတစ်ဆင့် Customer relationships ကိုတည်ဆောက်နိုင်ခြင်း စတဲ့အချက်တွေကြောင့် Social Media Marketing ဟာထိရောက်တဲ့နည်းလမ်းလို့ဆိုတာပါ။ အဲ့သလိုထိရောက်တဲ့ Social Media Marketing ဟာလွယ်ကူပါသလား ဆိုရင်တော့မလွယ်ကူပါဘူးခင်ဗျာ။ Social Media Marketing ကိုအသုံးချတော့မယ်ဆို အောက်ပါအချက်တွေကိုဂရုစိုက်ရပါမယ်။

ဆွဲဆောင်မှုရှိတဲ့ Content တွေရေးသားပြီး Audience တွေနဲ့စစ်မှန်တဲ့ရင်းနှီးမှုကိုရယူပါ။ Follower တွေကို Engage , Entertain , Inform ဆိုတဲ့ အချက်သုံးချက်နဲ့ကိုက်ညီအောင် Content တွေကိုရေးသားပါ။ Audience တွေဟာသင့်လုပ်ငန်းနဲ့ပက်သက်တဲ့ Sale Post တွေ Promotion Postတွေကိုပဲ အမြဲမြင်ချင်တာမဟုတ်ပါဘူး။ အခြား ဗဟုသုတရဖွယ်ရာ Content, Image ,Video စတာတွေကိုလည်းအလျဉ်းသင့်သလိုတင်ပေးသင့်ပါတယ်။Reader တွေအတွက်အရမ်းဖတ်ရခက်ပြီး ပျင်းရိဖွယ်ရှည်လျားတဲ့ Content တွေထက် ဖတ်လိုက်တာနဲ့ Short & Sweet ဖြစ်မဲ့ Content တွေရေးသားဖို့လိုပါတယ်။ ဒါ့အပြင်ကိုယ်ပေးချင်တဲ့ Message ကိုမှန်မှန်ကန်ကန်ပေးရပါမယ်။ သင်ရဲ့ Audience တွေရဲ့အာရုံစိုက်မှုကိုရချင်တယ်ဆိုရင် Information အမှန်ကိုပေးရပါမယ်။ တန်ဖိုးရှိတဲ့ မှတ်သားစရာကောင်းတဲ့ Content တွေရေးသားရပါမယ်။

သင်ပေးချင်တဲ့ Message ဟာ Audience တွေသိလိုတဲ့အကြောင်းအရာမျိုးဖြစ်နေရပါမယ်။ကိုယ့်ရဲ့ Audience တွေရဲ့ပြသနာတွေကိုအဆင်မပြေမှုတွေကိုဖြေရှင်းပေးနိုင်ရပါမယ်။ Content ရေးသားရာမှာလည်း ဂရုတစိုက်နဲ့ ကိုယ်လိုချင်တဲ့ရည်ရွယ်ချက်ရောက်အောင်ရေးသားတတ်ဖို့လိုပါတယ်။

ကိုယ့်ပေးချင်တဲ့ Message ကို စစ်မှန်တဲ့ Audience တွေဆီရောက်အောင်ပေးပို့နိုင်ရပါမယ်။ Social Media ဆိုတာတစ်ခြား Marketing Channel တွေလို လူအများဆီမြင်အောင်တစ်ခါထဲလုပ်နိုင်တဲ့ Channel တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Target Audience တွေဆီကိုယ်ပေးချင်တဲ့ Message ရောက်အောင် Hashtag တွေ Ads စတာတွေနဲ့ စနစ်တကျ Run မှသာ စစ်မှန်တဲ့ Audience ကိုရရှိစေမှာပါ။

မှန်ကန်တဲ့ Social Media Platform ပေါ်မှာအသုံးချတတ်ဖို့လည်းလိုပါတယ်။ယနေ့ခေတ် Social media platform တွေအများအပြားထဲမှာမှ ကိုယ့်ရဲ့ Product ဒါမှမဟုတ် Service နဲ့ကိုက်ညီမယ့် Audience တွေရှိနိုင်မဲ့ Result အကောင်းဆုံးရနိုင်မယ့် Platform ကိုလဲရွေးချယ်ဖို့လိုပါတယ်။

Social Media Marketing ကိုအသုံးပြုတော့မယ်ဆိုအချိန်တိကျဖို့လိုပါတယ်။သင့်ရဲ့ Pages ဒါမှမဟုတ် Account ဟာ Customer တွေရဲ့ Reply တွေ Feedback တွေကို တုန့်ပြန်ဖို့အမြဲအဆင်သင့်ဖြစ်နေ ရပါမယ်။ Customer အများစုဟာ Comment Reply တွေ Message Reply တွေမှာစောင့်စိုင်း ရတာကိုမနှစ်သက်ကျပါဘူး။ သင်နဲ့လုပ်ငန်းတူတွေနဲ့ယှဉ်ရာမှာကိုယ့်ရဲ့ Customer တွေသူများဆီမရောက်သွားစေရန် ကြံ့ကြာမှုမရှိစေရန်လိုအပ်ပါတယ်။ 70% သော User တွေဟာ Social Media ပေါ်မှာသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာအပေါ်မှာ တစ်နာရီအတွင်း အကြောင်းပြန်တာကို လိုလားကျပါတယ်။ ဒါ့အပြင်သင့်ရဲ့ Audience တွေအားလုံးကိုသင့်ရဲ့ အမာခံ Customer တွေကဲ့သို့သဘောထားပါ။ သင်တင်တဲ့ Post တွေမှာပါဝင်တဲ့ အပြောအဆို အသုံးအနှုန်းတွေဟာ သင့်ရဲ့ Customer တွေအပေါ်သက်ရောက်စေပါတယ်။ နောက်တစ်ချက်အနေနဲ့ သင့်ရဲ့ Reply နဲ့ Conversation တွေမှာပြောဆိုတဲ့အသုံးအနှုန်းဟာ သင့်ရဲ့အမြဲတမ်း Customer တွေကိုသုံးနှုန်းနေသလိုမျိုး သတိထားပြောဆိုရပါမယ်။

အခုဖော်ပြထားကတော့ Social Media Marketing နဲ့ပက်သက်ပြီးအခြေခံသိရှိဖို့လိုအပ်တဲ့ အချက်တွေနဲ့ ဘာကြောင့် အသုံးပြုလာကြလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago