အလုပ်မှာရတဲ့ စိတ်ဖိစီးမှုတော်တော်များဟာ လုပ်ရမဲ့အလုပ်တွေ အချိန်မှီမပြီးစီးတာကြောင့် ဖြစ်ရတာပိုများပါတယ်။ Time Management အချိန်စီမံခန့်ခွဲဖို့လိုအပ်တာတစ်ခုထဲကြောင့်တော့ အလုပ်ရဲ့စိတ်ဖိစီးမှုဒဏ်ကိုခံစားရတာမဟုတ်ပေမဲ့ များသောအားဖြင့်တော့ လုပ်ငန်းခွင်မှာရတဲ့ စိတ်ဖိစီးမှုဒဏ်ဟာ အချိန်မှီအလုပ်မပြီးမြောက်လို့ရကြတာပဲဖြစ်ပါတယ်။ သင်နေ့စဉ်လုပ်ဆောင်ရမဲ့ လုပ်ငန်းတာဝန်တစ်ခုခြင်းစီအတွက် အခြေခံအချိန်စည်းမျည်းတစ်ခုတော့ ချမှတ်ထားဖို့လိုပါတယ်။
လုပ်ငန်းခွင်မှာ ပြီးရမဲ့အလုပ်တစ်ခုထက်ပိုလုပ်ဖို့ကိုယ့်ကိုကိုယ်တွန်းအားပေးတာမျိုးကတော့ အလုပ်မှာ နာမည်ကောင်းရဖို့ဖြစ်ပြီး တကယ်တမ်းအလုပ်ခွင်ကရတဲ့ ဖိစီးမှုတော့မဟုတ်ပါဘူး။ အများစုဟာကိုယ်လုပ်ရ မဲ့အလုပ်တစ်ခုဘယ်လောက်ကြာကြာလုပ်ဖို့လိုအပ်လဲ ခန့်မှန်းတဲ့နေရာမှာအားနည်းတတ်ကျပါတယ်။ အ လုပ်တစ်ခုအပေါ်အလွန်အမင်းဖိအားထားတတ်ပြီး မလုပ်ရသေးခင်မှာပဲ အချိန်မှီမပြီးစီးမှာစိုးရိမ်တတ်တဲ့ အချက်ဟာ အလုပ်အပေါ်သက်ရောက်စေပြီး စိတ်ဖိစီးမှုရစေပါတယ်။ ဒါကြောင့် သင့်ရဲ့အလုပ်အတွက် Planning လုပ်တဲ့အခါအစီအစဉ်တကျဖြစ်စေဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ အချိန်ဇယား ကိုစနစ်တကျစီမံတတ်ဖို့ပါ။ သင့်ရဲ့အချိန်တွေကိုဘယ်လိုကုန်ဆုံးသွားလဲ ဘာကြောင့်ကုန်ဆုံးသွားလဲ စတာတွေရှင်းရှင်းလင်းလင်းသိနိုင်ဖို့နဲ့ပြန်လည်စီစစ်နိုင်ဖို့အတွက် အချိန်ဇယား ကိုသေချာလုပ်ထားဖို့ လိုပါတယ်။ အချိန်ဇယားလုပ်ထားခြင့်ဖြင့် အလုပ်ကိုစနစ်တကျအာရုံစိုက်လုပ်နိုင်တဲ့အပြင်လုပ်ငန်းဆောင် တာတွေကိုသူ့အချိန်နဲ့သူအချိန်ကိုက်လုပ်ဖြစ်တာကြောင့် အချိန်တွေကိုအကျိုးမရှိတဲ့အရာတွေအပေါ်အ သုံးချတာလျော့နည်းလာပါလိမ့်မယ်။ ဘယ်လိုအချိန်ဇယားမျိုးလဲဆိုတာဥပမာပြောရမယ်ဆိုရင်တော့ – ပထမဆုံးသင့်ရဲ့တစ်နေ့တာအချိန်တွေထဲမှာမှ အလုပ်နဲ့ပက်သက်တာတွေအတွက်အ ချိန်ဘယ်လောက် ပေးနိုင်မလဲ ဒါမှမဟုတ် သုံးနိုင်မလဲ ချရေးပါ။
ဥပမာ လုပ်ငန်းခွင်အလုပ်ချိန် ၈ နာရီဆို အဆိုပါ ၈ နာရီအတွက်အချိန်ကိုရေးပါ။ Rescue Time လိုမျိုး Tool တွေကိုအသုံးပြုပြီးတော့လည် သင့်ရဲ့ Personal Information တွေကို Track လုပ်ပြီးသင့်ရဲ့တနေ့တာ လုပ်ငန်းစဉ်တွေကို ဘယ်လိုကုန်ဆုံးမလဲ ဆိုတာ အချိန်ဇယားလုပ်လို့ရပါတယ်။ သင်လုပ်ရမဲ့ တာဝန်နဲ့ သင့်ရဲ့အချိန်ကိုညှိနှိုင်းပြီး သင့်ရဲ့တစ်နေ့တာအချိန်ဇယားကို ချမှတ်သင့်ပါတယ်။ နောက်ထပ် အရေးကြီး တဲ့အချက်ကတော့ လုပ်ငန်းခွင်မှာ အလုပ်မပြီးခင် လုပ်ဖော်ကိုင်ဖက်တွေနဲ့အချိန်ဖြုန်းမိနေတာ အလုပ် အတွက်လိုအပ်တာထက်ပိုပြီး Social Network တွေကိုသုံးဖြစ်နေတာစတာတွေကိုလျော့ချဖို့ပါ။ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီးနေတဲ့အချက်ဟာ ကောင်းမွန်တဲ့အချက်ဆိုပေမဲ့ အလုပ်လုပ်နေတဲ့ အချိန်မှာတော့ အလုပ်အပေါ်ပဲအာရုံစိုက်ပြီး တိတ်ဆိတ်စွာနေတတ်တာဟာ အလုပ်ကိုပိုပြီးမြောက်အောင် မြင်စေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် Social Network တွေပေါ်မှာ အလုပ်အချိန်တွင်းအလုပ်အတွက်လို အပ်တာထက်ပိုပြီးအချိန်ကြာကြာရှိနေခြင်းဟာလည်း အလုပ်တစ်ခုပြီးမြောက်ဖို့နှောင့်နှေးစေပါတယ်။ ထိုအခါ တစ်နေ့တာပြီးမြောက်ရမဲ့အလုပ်တွေ မပြီးဖြစ်ကာ စိတ်ဖိစီးလာပြီးအလုပ်မှာလဲမပျော်နိုင်တော့ ပါဘူး။
နောက်ထပ်လိုတဲ့အချက်ကတော့ သင့်ရဲ့အလုပ်ကိုတန်ဖိုးထားတတ်ဖို့ပါ။လုပ်အားခနဲ့ရာထူးအတွက်အ လုပ် လုပ်တာမဟုတ်ပဲ သင့်အလုပ်ရဲ့တန်ဖိုးနဲ့ သင်လုပ်ရမဲ့တာဝန်ကိုအောင်မြင်အောင်လုပ်ဖို့ရည်ရွယ်ချက် စိတ်ဓာတ်စတာတွေလဲလိုအပ်ပါတယ်။ ဒီအချိန်မှာသင့်ကိုယ်သင်ပြန်မေးဖို့လိုပါပြီ သင်တန်ဖိုးထားတဲ့ သင်ရည်ရွယ်ထားတဲ့သင့်ဘဝရဲ့ပန်းတိုင် သင့်ရည်ရွယ်တဲ့အလုပ်ဆိုဘာလဲ၊သင်ဖြစ်ချင်တဲ့ ရည်ရွယ်ချက် ကသင့်အတွက်လွယ်ကူနိုင်လား ဒါမှမဟုတ် ခက်ခဲတဲ့ခြေလှမ်းလား၊ သင့်ရဲ့အလုပ်အပေါ်ဘယ်လောက်တ န်ဖိုးထားလဲ သင့်အလုပ်အပေါ်ယုံကြည်မှုရှိရဲ့လား စတဲ့အချက်တွေပါ။ ဒါတွေကိုသိပြီဆိုရင်တော့ သင့်ရဲ့ အလုပ်ကိုအောင်မြင်အောင်လုပ်ဖို့ အသင့်ဖြစ်နေပါပြီ။ တကယ်လို့သင့်မှာအဖြေမရှိဘူးဆိုရင်တော့ သင်လုပ်နေတဲ့အလုပ်အပေါ်သေချာပြန်စဉ်းစားဖို့လိုပါပြီ။အလုပ်ရဲ့ဖိစီးမှုဒဏ်တွေလျော့နည်းအောင် အလုပ်ကိုအချိန်မှီပြီးမြောက်ဖို့ Time Management ကိုသေချာစီစစ်ရုံသာမက သင့်ရဲ့အလုပ်အပေါ် တန်ဖိုးထားပြီးကြိုးစားချင်စိတ်သာရှိမယ်ဆိုရင် လုပ်ငန်းခွင်မှာဖိအားကင်းပြီး အောင်မြင်တဲ့အနေအထား တစ်ခုကိုရောက်လာမှာမလွဲပါဘူး။
Ref – JoryMackay
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …