အခိုင်အမာ ရပ်တည်နေတဲ့ Business တွေက သူတို့ရဲ့ Website အတွက်ဆိုရင် SEO(Search Engine Optimization) လုပ်ကြပါတယ်။ အခြားတစ်ဖက်ကနေကြည့်ရင်လည်း Website ကနေရတဲ့ Traffic နဲ့ Audience တွေရဲ့ ဝယ်ယူမှုတွေပါ ရရှိလာတဲ့အတွက်ကြောင့် SEO ကိုတွဲဖက်အသုံးပြုရခြင်း ဖြစ်ပါတယ်။ Organic Search တွေဆီကတစ်ဆင့် Trust Wealthy ဖြစ်လာတဲ့ Website တစ်ခုဟာ Brand Building အတွက်ပါ အကျိုးအမြတ်များစွာ ရရှိလာနိုင်ပါသေးတယ်။ ဒါကြောင့် SEO လုပ်ထားခြင်းဖြင့် ရရှိလာနိုင်တဲ့ Result တွေကိုလည်း Sharing လုပ်ပေးသွားချင်ပါတယ်။

 

ပထဆုံးအနေနဲ့ SEO လုပ်ခြင်းရဲ့ ရည်ရွယ်ချက်ဟာ Ranking ပဲဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကိုယ့်ရဲ့ Website ကိုမသိတဲ့သူတွေက ကိုယ့်ရဲ့ Website ကိုသိလာစေချင်တာပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ Website က Search Engine ရဲ့ ထိပ်ဆုံး Ranking မှာရောက်နေမယ်ဆိုရင် ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Keyword ကိုရိုက်ပြီးရှာဖွေခဲ့မယ်ဆိုရင် အခြားသော နယ်ပယ်တူလုပ်ငန်းတွေရဲ့ Website တွေထက် Ranking အပေါ်ဆုံးမှာရောက်နေတဲ့ ကိုယ့်ရဲ့ Website ကိုသာ အရင်ဆုံး Click လုပ်နိုင်ချေရှိပါတယ်။ Audience တွေပိုမိုသိလာစေနိုင်ပြီး ဒီတစ်ချက်က Ranking ထိပ်ဆုံးရောက်နေတဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

 

နောက်တစ်ချက်ကတော့ Traffic ရရှိခြင်း ဖြစ်ပါတယ်။ သင့် Website က Ranking ကောင်းလေလေ ရရှိလာမယ့် Traffic က ပိုများလာလေလေ ဖြစ်ပါတယ်။ နောက်ပြီး Audience Trust ပိုများလာရင် သင့်လုပ်ငန်းအတွက် Sale တွေစတင်ပြီး ရရှိလာမှာ ဖြစ်ပါတယ်။ Core Audience နဲ့ Customer Returning တွေရရှိလာခဲ့ပြီဆိုရင် သင့်ရဲ့ Business Website ဟာပိုပြီး ကောင်းမွန်တဲ့ Result တွေရရှိလာပြီး အောင်မြင်တဲ့ Website တစ်ခုအနေနဲ့ ရပ်တည်လာနိုင်ပြီ ဖြစ်ပါတယ်။

 

ယခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာကတော့ Website တစ်ခု SEO လုပ်ထားမယ်ဆိုရင် ရရှိလာနိုင်မယ့် Result အချို့ပဲ ဖြစ်ပါတယ်။

 

Leave a Reply

social sharing buttons