ဒီတစ်ခါမှာတော့ လူကြီးမင်းအတွက် ကိုယ့်စီးပွားရေးလုပ်ငန်း ပိုပြီးတိုးတက်လာအောင်ဆိုရင် တိုးတက်နေတဲ့ ခေတ်ကြီးထဲက နည်းပညာတွေကိုပါ တွဲသုံးပေးဖို့လိုအပ်ပါတယ်။ Digital Marketing ဆိုပြီးခေတ်စားလာတဲ့ Internet Marketing နည်းလမ်းတွေကိုပါ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နည်းလမ်းမှန်မှန် တွဲသုံးနိုင်မယ်ဆိုရင်တော့ လူကြီးမင်းလုပ်ငန်းရဲ့ တိုးတက်မှုနှုန်းက ပုံမှန်ထက်သိသိသာသာ တိုးတက်လာကို တွေ့မြင်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ Digital Marketing နယ်ပယ်ထဲမှာ ပါဝင်တဲ့ Social Media Marketing ကပိုပြီး အသုံးပြုတာကို တွေ့ရပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သင့်တော်မယ့် Social Media Platform တွေကို ရွေးချယ်ဖို့လိုပါလိမ့်မယ်။ ရွေးချယ်မှုမှန်ကန်စေဖို့ အတွက် Social Media Platform တွေရဲ့ ရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Facebook
Facebook ကတော့ လူတိုင်းနီးပါး သိပြီးကြမယ့် Social Media Platform တစ်ခုဖြစ်ပါတယ်။ လစဉ်အသုံးပြုသူ 2.3 Billion နဲ့ အောင်မြင်မှုရရှိထားတဲ့ Social Media Platform တစ်ခုလိုလည်း ပြောနိုင်ပါသေးတယ်။ ဒီ Platform မှာအသုံးပြုသင်တာကတော့ Local Promoting Event တွေ၊ ကိုယ့် Brand ရဲ့ Community ကိုပိုပြီး ကြီးမားလာစေချင်တာတွေ မှာအစရှိတဲ့ ကဏ္ဍတွေကို အသုံးပြုနိုင်ပါတယ်။ Advertising ပိုင်းမှာလည်း Audience Targeting ကိုကျယ်ပြန့်စွာ အသုံးပြုနိုင်သေးတဲ့ အတွက် မှန်ကန်တဲ့ Audience ကို Targeting လုပ်နိုင်ရင် တကယ်ထိရောက်တဲ့ ရလဒ်တွေကို ရရှိစေနိုင်တဲ့ Platform တစ်ခုလည်း ဖြစ်ပါတယ်။
Youtube
YouTube ကတော့ ဒုတိယအကြီး Search Engine ဖြစ်ပြီး၊ အောင်မြင်မှုကောင်းကောင်းရရှိထားတဲ့ Video Sharing Channel တစ်ခုဖြစ်ပါတယ်။ လစဉ်အသုံးပြုသူ 1.9 Billion ရှိတဲ့ဒီ Platform ကိုတော့ Service, Problem Solving, Education အစရှိတဲ့ လုပ်ငန်းတွေက ရွေးချယ်သင့်ပါတယ်။ ဥပမာ – မိတ်ဆွေတို့ရဲ့ Product တွေကို အသုံးပြုပုံ Tutorial Video တွေတင်ပြီး Customer အသစ်တွေကိုဒီ Platform ကနေရှာသွားနိုင်ပါသေးတယ်။
Instagram
ဒီ Instagram ဆိုတဲ့ Social Media Platform ကတော့ လစဉ်အသုံးပြုသူ 1 Billion နဲ့ အောင်မြင်နေပြီး အသုံးပြုသူကတော့ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြားအများဆုံး အသုံးပြုတာကိုတွေ့ရပါတယ်။ ဒီ Platform ကို အသုံးပြုတဲ့လုပ်ငန်းတွေကတော့ Visual Brand တွေ Audience Connection ကောင်းကောင်းလုပ်ချင်တဲ့ လုပ်ငန်းတွေ အသုံးပြုသင့်ပါတယ်။
LinkedIn
LinkedIn ကတော့ လစဉ်အသုံးပြုသူ 590 Million နဲ့အောင်မြင်ထားတဲ့ Business-focus Social Platform တစ်ခုဖြစ်ပါတယ်။ ဒီ Platform ကိုတော့ B2B နဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေအတွက် ရွေးချယ်နိုင်ပါတယ်။ B2B Lead Generation နဲ့ Recruiting တွေအတွက် ပိုမိုသင့်တော်တဲ့ Platform တစ်ခုဆိုရင်လည်း မမှားပါဘူး။
အထက်ပါ Social Media Platform တွေကို ကြည့်ပြီး လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက ဘယ် Social Media Platform နဲ့သင်တော်မလဲ ဆိုတာကို ရွေးချယ်နိုင်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …