Categories: Blog

Android App တွေကို Safe ဖြစ်ဖြစ်နဲ့ Download လုပ်နိုင်စေမယ့် App များ

ဒီတစ်ခါမှာတော့ Android App တွေကို စိတ်ချရုံကြည်စွာ Download လုပ်သွားနိုင်မယ့် Downloading App တွေကိုဖော်ပြသွားမှာပါ။ Google Play Store ရှိနေတာပဲ ဘာလို့ ဒီ App တွေမှာ အလုပ်ရှုပ်ခံပြီး Download လုပ်မလဲဆိုတဲ့ မေးခွန်းတွေလည်း မေးကောင်းမေးနိုင်ပါတယ်။ Google Play Store မှာ Region Problem ကြောင့် Download မလုပ်နိုင်တဲ့ App တွေအများကြီး ရှိပါတယ်။ နည်းပညာနဲ့ ရင်းနီးကျွမ်းဝင်တဲ့ သူတွေအတွက် ဒီကိစ္စက မခက်ခဲပေမယ့် နည်းပညာနဲ့ မရင်းနီးတဲ့ သူတွေအတွက်ကတော့ Download မလုပ်နိုင်ရုံပဲ ရှိပါတယ်။ တစ်ချို့ Google Play Store မှာမရှိတဲ့ App တွေလည်း ရှိတတ်ပါတယ်။ ဒီလို ပြဿနာတွေကိုလည်း အဆင်ပြေသွားစေမယ့် Android Apk Downloading App တွေကို ဖော်ပြပေးသွားပါမယ်…

 

APKMirror

ဒီ App ကတော့ Top-rate List ထဲမှာပါဝင်တဲ့ Downloading App တစ်ခုလည်း ဖြစ်ပါတယ်။ APKMirror ရဲ့ UI ကလဲ သပ်ရပ်တဲ့ Design နဲ့ Organize လုပ်ထားတာကို တွေ့ရပါတယ်။ Google Play Store မှာမရှိတဲ့ App တွေကို ဒီ APKMirror ထဲမှာ လာရောက်ရှာဖွေ Download ပြုလုပ်နိုင်ပါတယ်။ 

 

APKPure

ဒီ App ကတော့ Android User တိုင်းနီးပါးသိကြမယ့် App တစ်ခုပြောလို့ရပါတယ်။ Android Game နဲ့ App တွေကို ဒီ APKPure မှာအခက်အခဲမရှိ Download ပြုလုပ်နိုင်သွားပါတယ်။ Google Play Store မှာမရှိတဲ့ App တွေနဲ့  Download ဆွဲမရတဲ့ App တွေကို APKPure မှာ Download ပြုလုပ်သွားနိုင်ပါတယ်။ ၂၀၁၉ ရဲ့ အကောင်းဆုံး Apk Downloading App စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။

 

Aptoide

Aptoide ဟာဆိုရင်လည်း Android တွေအတွက် နာမည်ကြီး Apk Downloading App တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှာတော့ သင်နှစ်သက်ရာ App တွေကို Safe ဖြစ်ဖြစ်နဲ့ Download လုပ်နိုင်ပါတယ်။ နောက်ထပ် Android Apk Downloading App တစ်ခုဆိုရင်လည်း မမှားပါဘူး။

 

APK-DL

ဒီ App ကတော့ Google Play Store ထဲမှာရှိပြီး Download လုပ်လို့မရတဲ့ App တွေကို Download ပြုလုပ်နိုင်ပါတယ်။ ဒီ App မှာစိတ်ချရတာက Google Play Store မှာရှိတဲ့ App တွေကိုပဲ  Download လုပ်နိုင်တာ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီ App မှာ အပြစ်ပြောစရာဆိုလို့ UI ပဲ ဖြစ်ပါတယ်. ဘာကြောင့်လဲ ဆိုရင် Outdate ဖြစ်နေတဲ့ UI အပြင်အဆင်ကြောင့်ပါပဲ။ ကျန်တာအကုန် သပ်ရပ်ပါတယ်။

 

မိတ်ဆွေတို့ရဲ့ ဖုန်းတွေမှာ Download ဆွဲမရတဲ့ App တွေ၊ Google Play Store မှာရှိတယ် ဒါပေမဲ့ Download လို့မရဘူး အစရှိတဲ့ ပြဿနာတွေကို ဒီ Apk Downloading App တွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago