ဒီတစ်ခေါက်မှာ မိတ်ဆွေတို့အတွက် ဝေမျှပေးသွားမယ့် အကြောင်းအရာကတော့ Search Engine Statistics တွေပဲဖြစ်ပါတယ်။ Search Engine ဆိုတာကို အင်တာနက် အသုံးပြုနေတဲ့ လူတိုင်းနီးပါး သိကြပါတယ်။ ကိုယ့်ရှာဖွေချင်တဲ့ ပုံတွေ၊ စာတွေ၊ ဗီဒီယိုတွေ၊ ဗဟုသုတတွေ အစရှိတဲ့ အကြောင်းအရာတွေကို Search Engine တွေပေါ်မှာ ရှာလေ့ရှိကြပါတယ်။ ဒါပေမဲ့ Search Engine ရဲ့ အကြောင်းအရာတွေကိုတော့ သတိမထားမိကြပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ Search Engine Statistics တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်…

 

-World Wide မှာဆိုရင် Google Account တွေဆီကရရှိတဲ့ Traffic ဟာ Desktop မှာ 76% နဲ့ Mobile မှာ 86% တို့ ဖြစ်ပါတယ်။

 

-Desktop Device တွေကရတဲ့ Search Engine Traffic တွေဟာဆိုရင်လည်း Brazil မှာ 96.2% နဲ့ India မှာ 95.9% အထိရှိပါတယ်။ 

 

-Google မှာ တစ်နှစ်ကို ရှာဖွေမှုပေါင်း 2 Trillion အထိရှိပါတယ်။

 

-Google Search နဲ့ Ads တွေမှာ အသုံးပြုတဲ့ ကုန်ကျစရိတ် 1$ တိုင်းမှာ Profit 8$ အထိပြန်လည် ရရှိပါတယ်။ 

 

-၂၀၁၈ ခုနစ်မှာ Google Ads တွေကနေ ပြန်ရရှိခဲ့တဲ့ Revenue ပမာဏဟာ 116$ Billion ရှိခဲ့ပါတယ်။

 

-Marketer တွေအတွက် Organic SEO နဲ့ PPC တွေမှာဆိုရင်လည်း Click 25% ပမဏနဲ့ Profit 27% ပမာဏ ရရှိပါတယ်။ 

 

-Yahoo Search Engine မှာဆိုရင်လည်း Mobile Device တွေနဲ့ အသုံးပြုနေတဲ့ User 600 Million ကျော်ရှိပါတယ်။ 

 

-US မှာ Bing Search Engine ကိုအသုံးပြုပြီး Internet Search ပြုလုပ်နေတာတွေကလည်း 33% အထိရှိပါတယ်။ 

 

ဒီအချက်တွေကတော့ လက်ရှိအချိန်မှာ ဖြစ်နေတဲ့ Search Engine တွေရဲ့ Statistics တွေဖြစ်ပါတယ်။ နောက်ပိုင်း အင်တာနက်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အကြောင်းတွေကိုလည်း ဆက်လက် ဖော်ပြပေးသွားပါအုံးမယ်။ 

 

 

Leave a Reply

social sharing buttons