Categories: Blog

ခေတ်အဆက်ဆက် ပေါ်ပေါက်လာသော Social Media Platform များ

Social Media Platform တွေပေါ်မှာ Business Run ဖို့စိတ်ဝင်စားတဲ့ သူတွေ၊ Social Media Platform တွေကို လေ့လာနေတဲ့သူတွေ အတွက် ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ ခေတ်အဆက်ဆက် ပေါ်ပေါက်လာတဲ့ Social Media Platform တွေ အကြောင်းကို ဝေမျှပေးသွားပါမယ်…

၁၉၉၇ ခုနှစ်မှာ Six Degrees ဆိုတဲ့ Social Media Site ပေါ်ပေါက်လာပြီး User 3.5 Million အောင်မြင်ကျော်ကြားခဲ့ပါတယ်။ ဒီ Six Degrees မှာ User တွေက Account Register လုပ်နိုင်ပြီး Profile တစ်ခုလုပ်ပြီး အခြား User တွေကို Account Network ထဲကို Invite လုပ်ပြီး အသုံးပြုရပါတယ်။ Six Degrees ကို ၂၀၀၁ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။

၂၀၀၂ ခုနှစ် မှာတော့ Friendster ဆိုတဲ့ Social Media Platform တစ်ခုပေါ်ပေါက်လာပြီး ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပဲ User 3 Million ကျော်နဲ့ အောင်မြင်တဲ့ Social Media Platform တစ်ခုဖြစ်လာပါတယ်။ ဒီ Friendster က ပထမဆုံး User တွေရဲ့ Profile ကို Comment ပေးနိုင်ခြင်းနဲ့ User Search လုပ်နိုင်တဲ့ Social Media Platform တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ ၂၀၀၂ ခုနှစ်ထဲမှာပဲ LinkedIn ကလည်း ပထမဆုံး Business-focused Social Platform တစ်ခုအဖြစ် Launch လုပ်ခဲ့ပါသေးတယ်။

၂၀၀၃ ခုနှစ်မှာ Myspace ဆိုတဲ့ Social Media Platform ပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ Myspace က Google, Yahoo!, Mail တို့ကိုတောင်မှ ကျော်လွန်ပြီး U.S ရဲ့ visitor အများဆုံးဝင်ရောက်ခဲ့တဲ့ Platform တစ်ခုဖြစ်ခဲ့ပါတယ်။ Myspace လူသုံးများခဲ့တဲ့ အချက်က User တွေရဲ့ Profile ကို User တွေစိတ်ကြိုက်ပြင်လို့ ရအောင် ခွင့်ပြုထားခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ – Color, Photo, Music စသဖြင့် Profile မှာ Customize ပြုလုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ Facebook ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ User တွေက ကိုယ်ပိုင် Wall post တင်နိုင်ခြင်း၊ Comment ပေးနိုင်ခြင်း Feature ကိုပဲ Harvard နဲ့ အခြား Evy League School တွေမှာပဲ အသုံးပြုလို့ ရခဲ့ပါတယ်။

၂၀၀၅ ခုနှစ် Video Sharing Platform ဖြစ်တဲ့ YouTube ပေါ်ပေါက်ခဲ့ပြီး Generation Z အတွက် မီးမောင်းထိုးပေးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ထဲမှာပဲ User တွေအချင်းချင်း နည်းပညာတွေ၊ ဗဟုသုတတွေကို Content တွေ Create လုပ်ပြီး Sharing လုပ်နိုင်တဲ့ Engagement Platform တစ်ခုလို့ ပြောလို့ရတဲ့ Reddit လည်း ပေါ်ပေါက်လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ Twitter ပေါ်ပေါက်လာခဲ့ပြီး User တွေကို New Feed မှာ Tweet လုပ်နိုင်တဲ့ Feature နဲ့ စာလုံးရေ ၁၄၀ ပို့နိုင်တဲ့ Message Feature ကို ခွင့်ပြုခဲ့ပါတယ်။ ဒီ ၂၀၀၆ ခုနှစ်ထဲမှာပဲ Google က $1.6 billion USD နဲ့ YouTube ကိုဝယ်ယူခဲ့ပါသေးတယ်။

၂၀၀၇ ခုနှစ်မှာတော့ Facebook က Social Media Advertising Platform တစ်ခုရပ်တည်ဖို့ စတင်လာခဲ့ပါတယ်။ ထို့အတူ Twitter ကလည်း User တွေအတွက် ရှာဖွေရလွယ်အောင်၊ အချင်းချင်း ဆွေးနွေးတိုင်ပင်နိုင်အောင် နဲ့ အကြောင်းအရာတွေကို ဝေမျှနိုင်အောင် “Hashtag” နဲ့ “Retweet” ကို Launch လုပ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ Facebook က User Habit အသစ်တစ်ခုဖြစ်တဲ့ “Like” Button ကို Create လုပ်ခဲ့ပြီး Social Algorithms တစ်ခုအနေနဲ့တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီ ၂၀၀၉ ခုနှစ်မှာပဲ Facebook က Myspace ကို User Count နဲ့ Cashflow Postive အပိုင်းမှာ ကျော်လွန်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ iOS ပထမဆုံး Mobile-only Social Network အဖြစ် Instagram ပေါ်ပေါက်လာပြီး နှစ်ကုန်ပိုင်းလောက်မှာ 1 Million User ထိရခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာတော့ Photo-sharing Website အနေနဲ့ Pinterest ပေါ်ပေါက်လာပြီး Time Magazine ရဲ့ ၂၀၁၁ အကောင်းဆုံး Website အခု ၅၀ စာရင်းမှာ Pinterest ပါဝင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာပဲ Snapchat က Privacy-focus Messaging App အနေနဲ့ ရေးပန်းစားလာခဲ့ပါတယ်။ Snapchat မှာပါဝင်တဲ့ Camera Effect ကြောင့်လူငယ် User တော်တော်များများရဲ့ ဝန်းရံမှုကိုလည်း ရရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ Facebook က 1 Billion Active User အထိရှိလာခဲ့ပြီး Instagram ကိုလည်း $1 Billion USD နဲ့ ဝယ်ယူခဲ့ပါသေးတယ်။ ၂၀၁၂ ခုနှစ်ထဲမှာပဲ Twitter ကလည်း User 140 Million ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ Snapchat က 100 Million User ရရှိခဲ့ပါတယ်။ Friendster ကတော့ ၂၀၁၅ ခုနှစ်မှာ ဖျက်သိမ်းလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်မှာပဲ Pinterest ကလည်း Buyable Pin ဆိုတဲ့ Feature ကို Launch လုပ်ပြီး B2B Business တွေအတွက် Social Media Purchasing ကို inn-app အနေနဲ့ Develop လုပ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ Instagram က 500 Million User အထိရရှိလာပါတယ်။ Social Media App တစ်ခုဖြစ်တဲ့ TikTop ကလည်း တရုတ်နိုင်ငံမှာ Launch လုပ်ခဲ့ပါတယ်။ ယခုလက်ရှိ ၂၀၁၉ ခုနှစ်မှာတော့ TikTop ဟာ Global Download 1 Billion ရရှိလာခဲ့ပြီး 2018/2019 ရဲ့ Download လုပ်ခြင်းအများဆုံး App တစ်ခု အဖြစ် စာရင်းဝင်ခဲ့ပါတယ်။

ယခုဖော်ပြခဲ့တဲ့ အကြောင်းအရာက မိတ်ဆွေတို့ အတွက် Social Media Platform တွေနဲ့ ပတ်သတ်ပြီး အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago