စီးပွားရေးလုပ်ငန်း တိုင်းနီးပါး သူထက်ငါ ပိုအောင်မြင်လာစေဖို့အတွက် Social Media နဲ့ပါ ချိတ်ဆက်ပြီး လုပ်ကိုင်လာကြပါပြီ။ ဒီလို ကိုယ့်ရဲ့ လုပ်ငန်းကို Social Media နဲ့ ချိတ်ဆက်ထားတယ်ဆိုရင် ပိုပြီးအောင်မြင်လာဖို့အတွက် ဒီအချက်တွေကို ဂရုတစိုက် မှတ်ထားစေချင်ပါတယ်…

 

စံအမှတ် သေချာသတ်မှတ်ပါ။ သင့်ရဲ့ လုပ်ငန်းအတွက် Social Media မှာလုပ်ကိုင်တော့မယ်ဆိုရင် ကိုယ့် လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Audience အတွက် စနစ်တကျ Analytic လုပ်ဖို့နဲ့ သက်ဆိုင်တဲ့ Social Media Channel ကိုရွေးချယ်ပါ။ 

 

သင့်ရဲ့ Audience ကိုလွှမ်းမိုး စွဲဆောင်နိုင်မယ့် Profile တစ်ခု (သို့) နှစ်ခု ဖန်တီးထားပါ။ Content တွေကိုလည်း Audience ကြိုက်နှစ်သက်နိုင်မယ့် ပုံစံမျိုးတွေ ဖန်တီးပေးပါ။ Content Type ရွေးချယ်ဖို့ ဆုံးဖြတ်တဲ့ အခါမှာလည်း ရိုးရှင်းပြီး  Audience ကို ပိုကြိုက်မယ့် ပုံစံမျိုးတွေ ဖန်တီးပါ။

 

Post တွေတင်ဖို့ Planning လုပ်တဲ့အခါမှာလည်း Audience များတဲ့အချိန်၊ Channel မှာ Trend ဖြစ်တဲ့ ပုံစံ အစရှိတာတွေကို ပါသေချာ စီစစ်ပြီး Planning လုပ်ပါ။

 

Library တစ်ခုပြုလုပ်ထားပါ။ ဒါက သင်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သတ်တဲ့ Content တွေ၊ Image/Video တွေကို တစုတစည်းထဲ ထိန်းသိမ်းထားနိုင်ဖို့ အတွက်ပါ။ ပြန်ပြီး အသုံးပြုဖို့လိုအပ်လာတဲ့ အချိန်တွေမှာလည်း အချိန်ကုန်ရှာဖွေနေစရာမလိုတော့ပဲ ဒီ Library မှာပဲ ရှာဖွေနိုင်ပါတယ်။

 

 Follower တွေကို ပစ်မထားပဲ အပြန်အလန် Communicate လုပ်ပါ။ ဒီအချက်က Audience ကိုဂရုစိုက်ရာ ကြပြီး Active ဖြစ်တဲ့ လုပ်ငန်းတစ်ခု အဖြစ် ယုံကြည်မှုကိုလည်း ရရှိစေပါတယ်။ Review တွေကို ဂရုစိုက်ပြီး လိုအပ်တဲ့ အရာတွေကို ပြန်လည်စစ်ဆေးပေးပါ။ 

 

Social Media ပေါ်မှာ စီးပွားရေးလုပ်ငန်းကို လုပ်ငန်းနေသူတွေ၊ လုပ်ငန်းလုပ်ဖို့ စတင်နေတဲ့သူတွေ အနေနဲ့ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို ပိုအောင်မြင်လာစေချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။

 

Leave a Reply

social sharing buttons