Social Media Engagement ဆိုတာကတော့ Social Media Marketing အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Brand တော်တော်များများက Social Media ကို Run နေကျပေမယ့် ဒီ Engagement ကိုသတိမထားမိတတ်ကြပါဘူး။ Social Media Engagement မှာ Like, Comment, Share နဲ့ အခြားသော သက်ဆိုင်ရာ Social Media Platform က သက်ဆိုင်ရာ Reaction တွေပါဝင်ပါတယ်။ 

 

ဥပမာအနေနဲ့ပြောပြရရင် Facebook မှာပါဝင်တဲ့ Engagement တွေမှာ Page’s Post နဲ့ Profile, Message နဲ့ Mention တွေနဲ့ အခြား Reaction တွေပါဝင်ပါတယ်။ Engagement မှာဆိုရင်လည်း အမျိုးအစားတွေ ထပ်မံခွဲခြားထားပါသေးတယ်။ ဘလိုမျိုးတွေခွဲခြားထားတာလဲဆိုရင်တော့…

 

  • Page နဲ့ပတ်သတ်တဲ့ Engagement တွေက Call-To-Action Button Click, Profile Click, အခြားသော Page တွေကို Click တာတွေ ပါဝင်ပါတယ်။

 

  • Post နဲ့ပတ်သတ်တဲ့ Engagement မှာဆိုရင်တော့ Comment, Like,  Share များပါဝင်ပါတယ်။

 

  • Direct Message နဲ့ပတ်သတ်တဲ့ Engagement မှာဆိုရင် Page Messaging နဲ့ Responding Message တွေပါဝင်ပါတယ်။

 

  • Other Page Engagement နဲ့ပတ်သတ်တဲ့ Engagement တွေမှာဆိုရင်လည်း Page Mention တွေရယ် Other Page Comment တွေပါဝင်ပါတယ်။

 

ဒီ Engagement တွေက လူကြီးမင်းတို့ Social Media ပေါ်က Result တွေကို ပြန်လည်တိုင်းတာတဲ့ နေရာမှာ အလွန်အရေးပါတဲ့အရာဖြစ်ပါတယ်။ Engagement များလာဖို့အတွက် အရမ်းပါသလို Engagement ကိုစစ်ဆေးပြီး လုပ်ငန်းရဲ့ Result တွေကို Analysis လုပ်ပေးခြင်းကလည်း ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို သိနိုင်မှာ ဖြစ်ပါတယ်။

 

Leave a Reply

social sharing buttons