Social Media ပေါ်မှာ Business Run နေတဲ့သူတစ်ယောက်ဆိုရင် သတိထားသင့်တဲ့ အချက်လေးတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Social Media မှာ အမှားတခုခုဖြစ်သွားပြီဆိုရင်တော့ ပျံ့နှံ့နှုန်းအရမ်းမြန်ပါတယ်၊ ကြီးကြီးမားမား မဟုတ်တဲ့ အမှားတွေကို နားလည်ပေးနိုင်တဲ့ Audience တွေရှိသလို၊ နားမလည်ပေးနိုင်တဲ့ Audience တွေလည်းရှိပါတယ်။ နားလည်ပေးနိုင်တယ်ဆိုပေမဲ့ အမှားတွေများလာခဲ့မယ်ဆိုရင်တော့ သင့်လုပ်ငန်းအတွက် ထိခိုက်နစ်နာမှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် သတိထားသင့်တဲ့အချက်လေးတွေကိုအောက်တွင်လေ့လာကြည့်ရှုနိုင်ပါတယ်…
သင့်လုပ်ငန်းအကြောင်းပဲ Audience တွေကို Share ခြင်းဒီတစ်ချက်မှာကဘယ်လုပ်ငန်းမဆို မိမိရဲ့ Brand ကိုပဲ Audience ဆီ Message ပေးချင်ကျတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Brand ကိုပဲ Message ပေးနေမယ်ဆိုရင် Audience က ငြီးငွေ့လာတဲ့ပါတယ်။ဒါကြောင့် သင့်လုပ်ငန်းနဲ့ပတ်သတ်ပြီး Valuable ဖြစ်တဲ့ Trends လေးတွေကို Audience ဆီ Message ပေးဖို့လည်းလိုအပ်ပါတယ်။ ဒီလိုလေးလုပ်ပေးတာက Audience တွေကို ဂရုစိုက်ရာကျတဲ့ အတွက် သင့်လုပ်ငန်းအတွက် ကောင်းမွန်တဲ့ ရလဒ်တွေရရှိလာနိုင်မှာပဲဖြစ်ပါတယ်။
သင့်တော်တဲ့ Content Type ရွေးခြင်း
Social Media ပေါ်မှာ မိမိလုပ်ငန်းကို Run တော့မယ်ဆိုရင် Content ကလဲမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီးContent Type တွေလည်းအများအပြားရှိပါတယ်။ Blog Post Links, User-Generated Content, Video, Infographic အစရှိတဲ့ Content Type တွေကို သင့်တော်သလိုသုံးပေးဖို့လိုအပ်ပါတယ်။ အခြေခံကျတဲ့အချက်တစ်ချက်ကတော့ Audience တွေအတွက် Educational Content လေးတွေကို တစ်ခါတစ်ရံသုံးပေးပါ။ ဒီအချက်လေးကတော့ Audience တွေရဲ့ စိတ်ဝင်စားမှုကိုရရှိနိုင်တဲ့ နည်းလမ်းလေးတစ်ခုလို့လည်းဆိုလိုနိုင်ပါတယ်။
Feedback တွေကိုဂရုစိုက်ပေးခြင်း
Social Media ပေါ်မှာလုပ်ငန်းလုပ်ကိုင်နေပြီဆိုရင်တော့ Feedback တွေကို အမြဲဂရုစိုက်ပေးတော့လိုအပ်ပါတယ်။ ဒီအချက်လေးကလည်း သင့်လုပ်ငန်းအတွက် ကောင်းမွန်တဲ့ရလဒ်တွေကိုဖြစ်ပေါ်လာစေပါတယ်။ဘယ် Audience ကသင့်လုပ်ငန်းမှာလိုအပ်နေတာတွေ၊ ဘယ်အရာကို ပိုမိုနှစ်သက်တယ်ဆိုတာ သိနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ သင့်လုပ်ငန်းမှာလိုအပ်နေတာတွေကို ပြင်ဆင်နိုင်သလို Audience နှစ်သက်တဲ့ အရာ/ Product ဆိုရင်လည်းပိုမိုတိုးချဲ့ဖြန့်ဖြူးနိုင်မှာဖြစ်ပါတယ်။
Negative Comments တွေကိုဖျက်ခြင်း
Social Media ပေါ်မှာသင့်ရဲ့ Brand ကိုမနှစ်သက်တဲ့ Audience၊ သင့် Brand ကိုတိုက်ခိုက်ချင်တဲ့ Audience တွေဆိုတာရှိနေမှာဖြစ်တဲ့အတွက် Negative Comments တွေကတော့ရှိနေမှာပါ။ သင်ဟာ Professional ဆန်ဆန်လုပ်ငန်းလုပ်ကိုင်နေတယ်ဆိုရင်တော့သူတို့ကို ကျေးဇူးတင်ကြောင်း၊ လိုအပ်ချက် တွေကို ပြန်လည်စစ်ဆေးနေကြောင်း ကိုကောင်းမွန်စွာပြန်လည်ဖြေကြားပေးပါ။ ဒါပေမဲ့ သင့်လုပ်ငန်းနဲ့သင့်ရဲ့ Audience ကိုပါထိခိုက်လာနိုင်တဲ့ အရမ်းဆိုးဝါးတဲ့ Negative Comments တွေဆိုရင်တော့ Delete လုပ်ခြင်း၊ Hide လုပ်ခြင်းပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
ဒီအချက်လေးတွေက Social Media ပေါ်မှာလုပ်ငန်းလုပ်ကိုင်နေတဲ့ သူတစ်ယောက်ဆိုရင်တော့ ဒီအချက်လေးတွေက သတိထားသင့်တဲ့ အခြေခံအချက်ကလေးတွေပဲဖြစ်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …