ယခုလို နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ စီးပွားရေးတွေကိုလည်း နယ်ပယ်မျိုးစုံမှာအပြိုင်အဆိုင် တိုးချဲ့လုပ်ကိုင်နေကျတာကိုလည်းတွေ့မြင်ရမှာပါ။ Digital Marketing နယ်ပယ်မှာဆိုရင်လည်း အရင်ကထက် ပိုမိုလုပ်ကိုင်လာတာကိုတွေ့ရပါတယ်။ ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ လက်ရှိအချိန်မှာ ခေတ်စားနေမယ့် Marketing Strategy Tips လေးအချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်…
Blog ရေးခြင်း
သင်စီးပွားရေးလုပ်နေတဲ့ Website မှာ Content တွေကအမြဲတမ်း Update ဖြစ်နေမယ်ဆိုရင် SEO အတွက် အထောက်အပံ့ဖြစ်စေပြီး၊ Content တွေကလည်း Customer တွေအတွက် အသုံးဝင်မဲ့ Content မျိုးဖြစ်ခဲ့မယ်ဆိုရင် သင့်ရဲ့ Website ဟာသင့်ရဲ့ စီးပွားရေးနယ်ပယ်မှာ ထောက်ခံမှုရှိပြီး အောင်မြင်မှုရရှိလာမဲ့ အခွင့်အရေးတွေအများကြီး ရရှိလာနိုင်ပါတယ်။
Infographic လုပ်ခြင်း
ဒီ Infographic လေးတွေကတော့ လက်ရှိကာလမှာ သက်တောင့်သက်သာနဲ့ Customer တွေကိုမငြီးငွေ့ သွားစေပဲ၊ မြင်ရုံနဲ့ နားလည်လွယ်စေတဲ့ အချက်တွေကြောင့်လည်း Online မှာ Customer တွေနှစ်သက်တဲ့ အရာတစ်ခုအဖြစ်လည်း ရပ်တည်နေပါတယ်။
Podcast လုပ်ခြင်း
ဒီ Podcast လုပ်ပေးခြင်းကတော့ သင့်ရဲ့ အသံနဲ့ Customer တွေရဲ့လိုအပ်ချက်တွေကို ကူညီပြောကြားပေးပြီး၊ Customer တွေရဲ့ အခက်အခဲလိုအပ်ချက်တွေက သင့်ရဲ့ Podcast ကြောင့်အဆင်ပြေအောင်မြင်ခဲ့တယ်ဆိုရင်တော့ သင့်မှာ Customer တွေရဲ့ယုံကြည်မှုနဲ့ အခွင့်အလမ်းကောင်းတွေရရှိလာမှာဖြစ်ပါတယ်။
Social Media ပေါ်မှာလုပ်ကိုင်ခြင်း
နည်းပညာဖွံ့ဖြိုးလာတဲ့ ခေတ်ကြီးမှာ စီးပွားရေးလုပ်ငန်းတိုင်းနီးပါး Social Media တွေပေါ်မှာ Business Run နေကျပါပြီ။ သင့်အနေနဲ့ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို Social Media Channel တိုင်းနဲ့ ချိတ်ဆက်ထားနိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ရလဒ်တော့ရရှိနိုင်မှာဖြစ်ပါတယ်။ သင့်စီးပွားရေးလုပ်ငန်းမှာ လက်ရှိရရှိနိုင်တဲ့ Product/ Service ဒါမှမဟုတ် အသစ်ရရှိနိုင်တဲ့ Product/ Service ကို Up To Date ဖြစ်ဖြစ်နဲ့ Post တင်ခြင်း၊ Content Sharing လုပ်ခြင်းအားဖြင့် Customer Engagement ကိုရရှိနိုင်ပါတယ်။
Consistent ဖြစ်ခြင်း
သင့်ရဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ Website ဖြစ်ဖြစ်၊ Social Media မှာဆိုရင် Facebook, Instagram အစရှိတဲ့ Social Media Platform တွေမှာရှိတဲ့ Information တွေက Consistent ဖြစ်နေဖို့လိုအပ်ပါတယ်။ ဥပမာ – သင့်လက်ရှိ ရုံးတည်နေရာ၊ ဖုန်းနံပါတ်၊ လိပ်စာ အစရှိတာတွေဟာ သင့်ရဲ့ Website, Facebook တို့မှာထည့်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေဖို့လိုပါတယ်။ ဒီလို Consistent ဖြစ်နေမှသာ Customer တွေကလည်း သင့်ရဲ့ လုပ်ငန်းအပေါ်ယုံကြည်မှုရှိနေမှာဖြစ်ပါတယ်။
အထက်ပါအချက်အလက်လေးတွေဟာ လက်ရှိအချိန်ကနေ 2019 အထိဆက်လည်း ခေတ်စားနေမယ့် Marketing Strategy လေးတွေပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေဟာသင့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် ရလဒ်ကောင်းတွေ အနည်းနဲ့ အများရရှိလာနိုင်မယ့် အချက်လေးတွေဆိုရင်လည်း မမှားပါဘူး။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …