Video Content တွေနဲ့ မိမိရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို လူသိများအောင်ကြော်ငြာခြင်းဟာ မိမိရဲ့ Website မှာ Visitor တွေတိုးပွားလာစေနိုင်သလို မိမိရဲ့ Brand ကိုလည်းလူသိများလာစေနိုင်ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက်လည်း မိမိရဲ့ Video တွေဟာလူတွေ ရဲ့စိတ်ဝင်စားမှုရရှိနိုင်မဲ့ ဆွဲဆောင်မှုကောင်းတဲ့ Video မျိုးဖြစ်အောင်ဖန်တီးဖို့လိုပါတယ်။သင့်ရဲ့ Video ကိုလူတွေဂရုမစိုက် လျစ်လျူရှုထားတယ်ဆိုရင်တော့ စစ်ဆေးစရာအချက် နှစ်ချက်ရှိပါတယ်။သင့်ရဲ့ Video ဖန်တီးမှုဟာအဆင်မပြေတာလား ဒါမှမဟုတ် သင့်ရဲ့ Video ကို Social Media မှာ Sharing လုပ်တဲ့နည်းဟာမမှန်ကန်တာလားဆိုတာပါ။ ဒါ့ကြောင့် သင့်ရဲ့ Video Engagement ကိုတက်စေမဲ့ နည်းလမ်းတွေကိုဖော်ပြပေးလိုပါတယ်။
နည်းလမ်း (၁) မှာဆိုရင်တော့ Video Content တစ်ခုဖန်တီးတော့မယ်ဆိုရင်ပထမဆုံးစဉ်းစားရမှာက ဘယ်လို အကြောင်းအရာမျိုးကိုဖန်တီးပြီး Share လုပ်ချင်လဲဆိုတာပါ။ အဲ့ဒါပြီးရင်တော့ဘယ်အချိန် ဘယ်နေ့ရက်မျိုးမှာ သင့်ရဲ့ Video ကို Share လုပ်ဖို့အသင့်တော်ဆုံးလဲဆိုတာရွေးချယ်ရပါမယ်။ လေ့လာမှုတွေအရ Thursday နဲ့ Friday လိုနေ့မျိုးတွေမှာ အလုပ်လုပ်ရတာထိုင်းမှိုင်းလာတဲ့အခါမျိုးမှာ လူတွေဟာ Social Media ကိုပိုမိုအသုံးပြုကျတယ်လို့ဆိုပါတယ်။ Facebook Insight ကနေတစ်ဆင့်လဲ ဘယ်အချိန်မှာသင့်ရဲ့ Audienceတွေ Online အဖြစ်ဆုံးလဲဆိုတာကြည့်ပြီး သုံးသပ်လို့ရပါတယ်။ အဆိုပါအချက်တွေကိုသုံးသပ်ပြီး အသင့်တော်ဆုံးဖြစ်မဲ့အချိန်မှာ သင့်ရဲ့ Video ကိုတင်ပါ။Video တင်တဲ့အခါမှာလဲ Audience တွေသိရှိလိုတဲ့ Product နဲ့ပက်သက်တဲ့ Explainer Video မျိုးတွေ တင်ခြင်းမျိုးတွေလည်းပြုလုပ်သင့်ပါတယ်။
နည်းလမ်း (၂) မှာဆိုရင်တော့ Video တင်တဲ့အခါမှာလဲ 2 မိနစ်ထက်ကြာတဲ့ Video ဟာလူတွေ ရဲ့စိတ်ဝင်စား မှုကိုလျော့ နည်းစေပါတယ်။ Social Media အသုံးပြုသူအများစုဟာ သူတို့ရဲ့ Notificationနဲ့ Message တွေကို Check လုပ်ခြင်း Newsfeed မှာပေါ်လာတဲ့ အကြောင်းအရာတွေ ကိုကြည့်ရှုတာ စသဖြင့်အသုံးပြုပြီး 2 မိနစ်ပိုကြာတဲ့ ကြော်ငြာ Video ကိုကြည့်ချင်ကျမှာမဟုတ်ပါဘူး။ တကယ်လို့ Videoတွေကြည့်ချင်တယ်ဆို YouTube ကဲ့သို့သော Channel မှာကြည့်ကျမှာပါ။ ဒါ့အပြင် ယနေ့ခေတ် Social Media အသုံးပြုသူတွေဟာ Mobile Device နဲ့အသုံးပြုသူတွေဖြစ်တာကြောင့် Size များတဲ့ Video တွေကိုရှောင်ရှားဖို့များပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Brand ကို ထိထိရောက်ရောက်နဲ့ အချိန်တို အတွင်းဖော်ပြနိုင်မဲ့ ဆွဲဆောင်မှုရှိတဲ့ Video မျိုးကိုဖန်တီးဖို့လိုပါတယ်။ Video ဟာကြည့်ရတာ အချိန်တိုလေ လူကြည့်များလေပဲဖြစ်ပါတယ်။
ဒါ့အပြင် Facebook လို Social Media Channel မှာ သင့်ရဲ့ Video ကို Upload ပြုလုပ်ခြင်းဟာ Viewer အများစုကိုရရှိစေတဲ့အတွက် Video တိုက်ရိုက်မတင်ပဲ Link တင်ခြင်းဟာလည်း Viewer ရရှိမှုကိုနှောင့်နှေးစေပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …