Twitter မှာ Business Run တဲ့ အခါမှာ ပြုလုပ်သင့်တဲ့ အချက်တွေကို အကြံပြုဖော်ပြပေးချင်ပါတယ်။Twitter ပေါ်မှာ Business စတင်လုပ်ကိုင်မယ့် လုပ်ငန်းတွေ အတွက် ဆန်းသပ်နိုင်ဖို့ အတွက် ဒီအချက်လေးတွေကို မျှဝေပေးခြင်းဖြစ်ပါတယ်။
(1)Twitter Chats တွေကို ဂရုစိုက်ပါ
Twitter Chats တွေကတော့ Target Audience ဆီက Engagement ကို အမြန်ဆုံး Interactive ဖြစ်စေပြီး Business ကို အများဆုံးချဲ့ထွင်နိုင်မယ့် အခွင့်အလန်း ဖြစ်ပါတယ်။ Twitter Chat မှာက လုပ်ငန်းတူ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Audience တွေ စုစည်းတဲ့နေရာ ဖြစ်တဲ့ အတွက် Twitter Chats တွေကို ဂရုစိုက်ဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။
(2)Trending Hashtags တွေကိုဂရုစိုက်ပါ
Local မှာ ခေတ်စားနေတဲ့ Topic တွေ TV Show တွေနဲ့ Twitter ပေါ်က Trending Hashtag တွေကို စောင့်ကြည့်ပြီး သင့်ရဲ့ Business နဲ့ကိုက်ညီမဲ့ Trending Hashtagsကိုဖန်တီးခြင်း ကသင့်ရဲ့ Business အတွက် ရလဒ်ပိုမိုတိုးတက်လာစေနိုင်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Trending Hashtag ကိုသုံးဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။
(3)တစ်နေ့ သုံးကြိမ် Tweet ပေးပါ
လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Information တွေကို တစ်နေ့ကို ၃ ကြိမ်ဆီ Tweet ပေးပါ။ လုပ်ငန်းနဲ့ပတ်သတ်ပြီး Creative ဖြစ်မယ့် Tweet ပုံစံဖန်တီးပါ
(4) Notification ကိုစီစစ်ပါ
Notification အားလုံးကို Response သေချာပြန်လုပ်ပေးပါ(ဒီအချက်က တစ်ခါတစ်လေမှာ သတိမထားမိတာတွေ ရှိတတ်လို့ပါ)။သင့်လုပ်ငန်းရဲ့ Key Message ကို Profile ထိပ်ဆုံးမှာ Pin Tweet လုပ်ထားပေးပါ။
(5)Video Content ဖန်တီးခြင်း
Social Media Network တိုင်းပေါ်မှာ Video တွေက နေရာယူထားပြီးသားဆိုတာ သတိထားမိမယ် ထင်ပါတယ်။ ဒါပေမဲ့ ပေါ်မှာတော့ Video Content တွေကို သိပ်များများစားစား မတွေ့ဘူးသေးပါဘူး။ ဒါကြောင့် သင့် Business လုပ်ငန်း အတွက် အခွင့်အလမ်း တွေရှိနေပါသေးတယ်။ Video Content ဖန်တီးဖို့ အတွက်
ကတော့ App တော်တော်များများရှိနေပြီးဆိုတော့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Image တွေ စကားလုံးတွေကို Creative Idea ကောင်းကောင်းနဲ့ Video Content တွေ ဖန်တီးနိုင်ဖို့ အကြံပြုပါရစေ။
အထက်ပါ အချက်တွေက Twitter မှာ Business စတင်လုပ်ကိုင်မယ်ဆိုရင် သိထားသင့်တဲ့ အခြေခံအချက်တွေပဲဖြစ်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …