Social Media Marketing နယ်ပယ်မှာ စီးပွားရေးလုပ်ငန်းတွေ အပြိုင်အဆိုင်လုပ်ကိုင်နေကျတဲ့ခေတ်ကို ရောက်ရှိနေခဲ့ပါပြီ။ ဒီတော့ Social Media Platform တွေဖြစ်တဲ့ Facebook, Instagram, Twitter အစရှိတဲ့ Platform တွေ နည်းလမ်းအမျိုးမျိုး နဲ့ အပြိုင်အဆိုင် စီးပွားရေးလုပ်ကိုင်နေကျတဲ့ အတွက် မှန်ကန်တဲ့နည်းလမ်းတွေ၊ အချက်လက်ကောင်းတွေကို အသုံးပြုဖို့တော့လိုအပ်ပါတယ်။ ဒီတစ်ခေါက်ဖော်ပြထားပေးမှာကတော့ Facebook Advertising ရဲ့ ကောင်းချက်လေးတွေပဲဖြစ်ပါတယ်…

Facebook မှာ Lead Ads တွေနဲ့ ကြော်ငြာ ခြင်းဟာ အသုံးစရိတ်ချိုသာစွာနဲ့ သိသာတဲ့ ထိရောက်မှုတွေကိုရရှိစေပါတယ်။ Lead Ads တွေကို အသုံးပြုပြီး Discount သို့မဟုတ် Promotion တွေပေးပြီး User တွေရဲ့ Engagement ကို သိသိသာသာရယူနိုင်ပါတယ်။

နောက်ထပ်ထိရောက်တဲ့ နည်းလမ်းတစ်ခုက Video Ads တွေပါပဲ။ နောက်ဆုံး ကောက်န်ှုတ်ချက်တွေအရFacebook User တွေရဲ့ Video ကြည့်ရှုချိန်ဟာ တစ်ရက်ကို နာရီပေါင်း သန်း (၁၀၀) ကြည့်ရှုကျပါတယ်။ဒီတော့ Facebook Video Ads တွေကိုအသုံးပြုခြင်းဟာ ကောင်းမွန်တဲ့ရလဒ်တွေကို ရရှိနိုင်ပါသည်။ ဈေးနှုန်းတွေကလည်း အသင့်အတင့်ဖြစ်တဲ့အတွက် သုံးရတာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Facebook Interest Targeting ဟာဆိုရင်လည်း Social Media ပေါ်မှာ စီးပွားရေးလုပ်ငန်းတွေအထူးကောင်းမွန်တဲ့အချက်ဖြစ်ပြီး သင့်လုပ်ငန်းကို စိတ်ဝင်စားတဲ့ Audience ကို Target လုပ်ပေးတဲ့ အတွက်စစ်မှန်တဲ့ Audience ကို ရရှိစေပါတယ်။ နောက်ထပ် Demographic Targeting, Behavior Targetingအစရှိတဲ့ Audience Targeting တွေကိုပြုလုပ်နိုင်တဲ့ အတွက် လုပ်ငန်းတွေအတွက်လွယ်ကူစေမဲ့အချက် လည်းဖြစ်ပါတယ်။ ဒါပေမဲ့ Target ရွေးတာမမှားဖို့တော့လိုအပ်ပါတယ်။

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို Facebook Advertising လုပ်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့အချက်တွေများစွာရှိတဲ့ အတွက်မိမိကြိုက်နှစ်ရာကိုရွေးချယ်နိုင်ပါတယ်။

Ref – meduim

Leave a Reply

social sharing buttons