Categories: Blog

Facebook Ads ကိုဘာကြောင့်အသုံးပြုသင့်လဲ

ယခုဆိုရင် Social Media ဟာသင့်ရဲ့စီးပွားရေးလုပ်ငန်းတွေကို တိုးမြှင့်ဖော်ထုတ်ဖို့အတွက်ကြီးမားတဲ့ နည်းလမ်းဖြစ်လာပါပြီ။ ကိုယ့်ရဲ့ Loyal Customer တွေရရှိအောင်တည်ဆောက်ဖို့နဲ့ သင့်ကုန်ပစ္စည်းရဲ့ ရောင်းအားတွေမြှင့်တင်ဖို့အတွက် Social Media Marketing ဟာထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ Facebook ဟာဆိုရင်တော့ Social Network တွေထဲမှာယခုချိန်ထိပင်ထိပ်ဆုံးရပ်တည်နေပြီး ဈေးကွက်ရှာဖွေနေသူတွေအတွက်တော့ အဓိကရွေးချယ်စရာ Social Media Platform တစ်ခုဖြစ်ပါတယ်။ တကယ်တမ်း သင့်ရဲ့ Brand ကို ဈေးကွက်မှာထိုးဖောက်ဖို့အတွက် အသုံးပြုရမဲ့ကုန်ကျစရိတ်ကမသက်သာပါဘူး။ ဒါပေမဲ့ Facebook Ads ကိုသုံးခြင်းဖြင့်ရရှိမဲ့ကောင်းကျိုးတွေကိုတွေ့ရင် သင်ဒီလိုပြော တော့မှာမဟုတ်ပါဘူး။ အခု ဖော်ပြပေးမှာကတော့ Facebook Ads ကိုဘာကြောင့်သုံးသင့်လဲဆိုတဲ့အချက်အချို့ပဲဖြစ်ပါတယ်။

ယခုခေတ်မှာ လူတွေဟာ Social Media ပေါ်မှာ အချိန်အကြာကြီးကုန်ဆုံးနေတတ်ပါပြီ။ ဒါကြောင့်လူသုံးများ တဲ့ Facebook ကိုလျစ်လျူရှုထားလို့မရပါဘူး။ သင့်ရဲ့ Business အတွက် Facebook Page တစ်ခုတော့ ရှိသင့်ပါတယ်။ သင့်ရဲ့customer အသစ်တွေရရှိဖို့အတွက် Facebook ကကူညီပေးပါလိမ့်မယ်။ လူတွေ ဟာတစ်နေ့မှ ပျမ်းမျှ 1.72 Hours ကို Social Networkတွေပေါ်မှာကုန်ဆုံးတတ်ကြတယ်လို့ဆိုပါတယ်။ အဲ့ထဲမှာမှ 40 Minutes ခန့်ကို Facebook ပေါ်က Post တွေ Content တွေကို Liking & Sharing လုပ်ရင်းကုန်ဆုံးပါတယ်။ မိနစ်တိုင်းမှာFacebook user တွေဟာ 4.1 million ပမာဏလောက် Post တင်ခြင်း Comment ပေးခြင်း Photo တင်ခြင်း စတာတွေကိုပြုလုပ်တယ်လို့ဆိုပါတယ်။ လူတွေရဲ့ အချိန် တော်တော်များများကို ဒီ Facebook ပေါ်မှာကုန်ဆုံးတာကြောင့် မဖြစ်မနေသင့်ရဲ့ Business အတွက် Facebook Page တစ်ခုတော့ရှိသင့်ပါတယ်။ ယခုဆို 2 Million ပမာဏရှိတဲ့ Facebook Advertiser တွေဟာ Facebook ကိုအသုံးပြုနေပါပြီ။

နောက်တစ်ချက်ကတော့ Facebook Ads တွေဟာသင့်ရဲ့ Business ကို မှန်ကန်တဲ့ Audience တွေဆီရောက်ရှိအောင်ကူညီပေးနိုင်ပါတယ်။သင့်မှာ Facebook page တစ်ခုရှိနေပေမဲ့ Facebook Ads ကိုအသုံးမချတတ်သေးဘူးဆိုရင်တော့ Customer တွေရဲ့ 0.5 % လောက်သာသင့်ရဲ့Business နဲ့ပက်သက်တာတွေကိုတွေ့မြင်ရတာပါ။ တကယ်လို့သင်ဟာဒီထက်ပိုပြီး Customer တွေရရှိချင် တယ်ဆိုရင်တော့ Facebook Ads ကိုအသုံးပြုသင့်ပါတယ်။  ငွေပမာဏနည်းနည်းနဲ့ ပင်အနည်းဆုံး 5000 ကနေ 10000 ပမာဏရှိတဲ့ Userတွေဆီကိုသင့် Business ကနေပေးချင်တဲ့ Content တွေ Message တွေကိုပေးပို့နိုင်ပါလိမ့်မယ်။အဲ့ဒါအပြင် သင် Target ထားချင်တဲ့ Audience တွေကိုလဲရွေးချယ်လို့ ရတာကြောင့် သင့်ရဲ့လုပ်ငန်းအတွက် Customer အသစ်တွေရနိုင်တဲ့အပြင် Promote လုပ်ပြီးသား လဲဖြစ်စေပါတယ်။

ဒါ့အပြင်သင့် Page အတွက်အရေးကြီးတဲ့ Contentတွေကိုဖန်တီးထားပြီး အဆိုပါ Content တွေကို Audience တွေကိုမြင်စေချင်တဲ့အခါမှာ Post ကို Update လုပ်လိုက်ရုံနဲ့မလုံလောက်သေးပါဘူး။ Facebook adsကိုအသုံးပြုမှသာသင့်ရဲ့Content ကိုသင်ရောက်စေချင်တဲ့ Audience တွေဆီရောက် အောင်ပြုလုပ်ပေးနိုင်မှာပါ။ ဒါ့အပြင် Social Influencer တွေအားသင့်ရဲ့ Content ကို Sharing လုပ်ခိုင်းခြင်းဖြင့်လဲ များပြားတဲ့ Audience ပမာဏကိုရရှိစေနိုင်ပါတယ်။ဒါကြောင့်သင့်ရဲ့ Business အတွက် Event တွေပြုလုပ်တဲ့အခါ New Product ကို  Promote လုပ်တဲ့အခါ Promotion တွေပေးချင်တဲ့အခါ စတဲ့အကြောင်းအရာတွေကိုသိစေချင်တဲ့အခါမျိုးတွေမှာ Facebook Ads ကိုအသုံးပြုခြင်းဖြင့်အဆင်ပြေစေ မှာပါ။

Facebook Ads တွေရဲ့ Target ထားနိုင်စွမ်းဟာ သင်ထင်တာထက်ကို ပိုမိုစွမ်းဆောင်နိုင်ပါတယ်။ Facebook Ads ကိုအသုံးပြုပြီး Userတွေရဲ့တည်နေရာ၊ အသက်အရွယ်၊ စိတ်ဝင်စားမှု၊ အပြုအမူ၊ ကျား/မ၊ ဆယ်နွယ်မှု၊ ဒေသအပိုင်းအခြား စတာတွေကို စနစ်တကျရွေးချယ်ပြီး Target ထားလို့ရပါတယ်။ ဒါ့အပြင် Facebook Ads ရဲ့ Target ထားနိုင်တဲ့ Option တွေလည်း အများကြီးရှိပါသေးတယ်။

ယခုဖော်ပြထားတဲ့အချက်ဟာ Facebook Ads ကိုအသုံးပြုသင့်တဲ့ အချက်အနည်းငယ်ကိုပဲ ဖော်ပြထားသေးတာဖြစ်ပြီး သင့်ရဲ့ Business အတွက် စွမ်းဆောင်ပေးနိုင်တာတွေကျန်ရှိနေပါသေးတယ်။

Ref-Medium

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago